Sunday, February 26, 2012

Like Button နှဲ့ Send Button ထည့်နည်း

အားလုံးအတွက် ရိုးရှင်းလွယ်ကူပြီး အသုံးဝင်အဆင်ပြေစေမယ့် ပို့စ်လေးတစ်ခု မျှဝေချင်ပါတယ်. ကျနော် ကိုယ်တိုင် ရေးထားတဲ့ ပို့စ် တော့ မဟုတ်ပါဘူး ကိုရန်အောင် ဆီက ကူးလာတာပါ။ ဟဲဟဲ ။။ မှတ်စု ဆိုတော့ မှတ်ထားတဲ့ သဘောပေါ့ဗျာ...
ကိုရန်အောင် ဆီမှာ ရေးထားတာကို ဖတ်ကြည့်ပြီး လုပ်ကြည့်တော့ကြိုက်လို့ ဗျာ... အောက်မှာ ဖတ်ကြည့်ပြီးစိတ်ဝင်စားရင် လုပ်ကြည့်ဗျာ...
ကိုယ့်ဘလော့ဂ်က ပို့စ်လေးတွေကို စာဖတ်သူတစ်စုံတစ်ယောက် ဖတ်မိပြီး ကြိုက်တယ်ဆိုရင် Like လုပ်လိုက်တာနဲ့ သူ့ရဲ့ Facebook account မှာ ကိုယ့်ပို့စ်လေးက ခေါင်းစဉ်လေးနဲ့တကွ သွားပေါ်နေမယ့် နည်းပညာပိုင်းလေးတစ်ခုပါ. ဒါ့အပြင် ကိုယ့်ပို့စ်ကို ဘယ်နှစ်ယောက်ကများ Like လုပ်သွားသလဲ ဆိုတာလေးကိုပါ ဖော်ပြနေမှာပါ.

ဒါတင်ပဲလား? ဘယ်ကလိမ့်မလဲ.. (အညာလေသံနဲ့ ပြောကြည့်လိုက်တာ)း)

ဒီပို့စ်လေးကိုပဲ တစ်စုံတစ်ယောက်ဆီကို Email ပို့ချင်တယ်ဆိုရင်လည်း ပို့ရတာ လွယ်ကူအဆင်ပြေအောင် Send ဆိုတဲ့ Button လေးကိုပါ တွဲထည့်ပေးသွားမှာပါ.

ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါ…


နေဦးဗျ. ဘာမှမလုပ်ခင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ Concept လေးကို အရင်နားလည်အောင် ကြိုးစားကြည့်ရအောင်လား..

ကျွန်တော်လည်း ဆရာလေသံအတော်ပေါက်နေပြီထင်ပါရဲ့. ဟတ်ဟတ်.

အိုကေ. ကျွန်တော်တို့ နောက်ပြန်ပဲ စဉ်းစားကြည့်လိုက်ကြရအောင်. အဓိက အရေးကြီး အဆင့် (၂) ဆင့်ရှိပါတယ်.

အဆင့်(၁)

Like Button လေးကို ထည့်ချင်တယ်ဆိုမှတော့ ကိုယ့်ရဲ့ Template မှာ Coding တစ်ခုခုကို Edit လုပ်ရတော့မှာ သေချာသွားပြီပေါ့. ဒါကြောင့် ကျွန်တော်တို့ Coding တစ်ခုကို လိုမယ်. ပြီးရင် အဲဒါကို ကိုယ့် Template ရဲ့ တစ်နေရာရာမှာ သွားထည့်ရမယ်ဆိုတာကို အရင်ဆုံးစိတ်ထဲမှာ မှတ်ထားပေးလိုက်ပါ.ဘယ်နေရာမှာ ဘယ်လိုထည့်ရမယ်ဆိုတာကို ကျွန်တော် ပြီးရင် အသေးစိတ်ရှင်းပြပေးပါမယ်.

အဆင့် (၂)

Facebook နဲ့ Blogger က မတူပါဘူး. ဒါကြောင့် Facebook coding လေးကို Blogger Template ထဲမှာ ရော့. အင့် ဆိုပြီး ပစ်ထည့်လိုက်ရုံနဲ့ အဲဒီ့ coding လေးတွေက ထအလုပ်လုပ်မှာ မဟုတ်သေးပါဘူး. ဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ.

ဟုတ်ကဲ့. ရှင်းပါတယ်. Facebook နဲ့ Blogger ကို အဆင်ပြေအောင် ညှိပေးရပါမယ်. အဲဒီ့ လုပ်ငန်းစဉ်ကို နည်းပညာဝေါဟာရနဲ့ ပြောရမယ်ဆိုရင်တော့ Namespace Declaration လို့ခေါ်ပါတယ်. အဲဒါကို ဘယ်လို Declare လုပ်ရမယ်ဆိုတာကိုလည်း ပြောပြပေးပါမယ်.

ကဲ. ကျွန်တော်တို့ ဒီလောက်ဆို ကိုယ်ဘာလုပ်ရမယ်ဆိုတာရယ်၊ ဘာကြောင့် အဲလိုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာရယ်ကို သဘောပေါက်နားလည်သွားကြပြီလို့ ယူဆပါတယ်.
စလိုက်ကြရအောင်လားဗျာ.

အရင်ဆုံး Blogger Account ထဲကို ၀င်ပါ. ပြီးရင် Design ကိုသွားပါ. Edit Html ကို ဆက်သွားပါ. ပြီးရင် Expand Widget Templates ဆိုတဲ့ Box လေးကို Tick အမှတ်လေးလုပ်ပေးလိုက်ပါ.

တကယ်လို့ Design>Edit Html ဆိုတာကို ရှာမတွေ့ဘူးဆိုလည်းရပါတယ်.

Blogger Account ထဲကို ၀င်လိုက်ပါ. ဘယ်ဖက်မှာ Template ဆိုတာလေးကို ကျွန်တော်ဝိုင်းပြထားပါတယ်. အဲဒါလေးကို နှိပ်လိုက်ပါ. ပြီးရင်. မျှားလေးထိုးပြထားတဲ့ Edit Html ကို နှိပ်လိုက်ပါ.






ပုံလေးပေါ်ကို ကလစ်ခေါက်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်.


နောက်တစ်ဆင့်မှာ ဒီ Window လေးပေါ်လာပါလိမ့်မယ်. Proceed ခလုတ်လေးကို နှိပ်ပေးလိုက်ပါ. ပြီးရင် Expand Widget Templates ဆိုတဲ့ Box လေးကို အမှတ်လေးခြစ်ပေးလိုက်ပါ.











ဟောဒီမှာ FaceBook Like Button အတွက် Coding ပါ.

>
 
 
arial" action="like" colorscheme="light">

အိုကေ အဲဒါလေးကို ကူးယူခဲ့ပေးပါ. ပြီးရင် ဘယ်နေရာမှာသွားထည့်ရမလဲဆိုတော့ကာ Template လေးရဲ့ Html Coding လေးတွေကြားထဲမှာ ကိုယ့် Mouse လေးရဲ့ Cursor လေးကို နေရာချလိုက်ပါ. Ctrl + F ကို တွဲနှိပ်လိုက်ပါ. Search Box လေးပေါ်လာပါလိမ့်မယ်. ဒါလေးကို ရိုက်ထည့်လိုက်ပါ.


တွေ့ပြီဟုတ်.

ဟုတ်ကဲ့. အဲဒီ့ Tag လေးရဲ့နောက်မှာ ကပ်လျက်နေရာချပြီးတော့ အပေါ်က ကူးယူလာခဲ့တဲ့ Coding လေးတွေကို ထည့်ပေးလိုက်ပါ.
ပထမအဆင့် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.
ဒုတိယအဆင့်အနေနဲ့ Namespace Declaration လုပ်ပါမယ်.

ဒါလေးကို Copy ကူးလိုက်ပါ.


Template ရဲ့ HTML Coding လေးတွေထဲကို ပြန်သွားပါ. Ctrl+F တွဲနှိပ်ပြီး






တွေ့ပြီဟုတ်.

အပေါ်က ကူးလာခဲ့တဲ့ Coding လေးကို အဲဒီ့ရှေ့နားလေးမှာဖြစ်ဖြစ်၊ ကြားလေးထဲမှာပဲဖြစ်ဖြစ်၊ ဟိုး နောက်ဆုံးနားလေးမှာပဲဖြစ်ဖြစ် ကပ်ညှပ်ပြီး ထည့်ပေးလိုက်ပါ. ကျွန်တော်ကတော့ နောက်ဆုံးမှာ သွားထည့်ပေးလိုက်တယ်. ပုံလေးနှစ်ပုံ ဘာများကွာခြားသွားသလဲ ယှဉ်ကြည့်ကြည့်ပါ.




Template လေးကို Save လုပ်လိုက်ပါ.

ကိုယ့်ဘလော့ဂ်လေးကို ပြန်ကြည့်လိုက်ပါ.

ပို့စ်လေးတိုင်းရဲ့ အောက်ခြေမှာ Facebook ရဲ့ Like Button လေးနဲ့ Send Button လေးကို တွေ့ရမှာ ဖြစ်ပါတယ်.
ဘယ်သူမှ မ Like သေးခင် ကိုယ့်ဖာသာကိုယ် အကြိမ်ပေါင်းများစွာ Like ပစ်လိုက်ပါ. ဟတ်ဟတ်.

ကျွန်တော် မန္တလေးမှာနေခဲ့တုန်းက ကီးမားတင်ဝင်းဆိုင်မှာ ညဖက်တွေ သူငယ်ချင်းတွေနဲ့ သွားထိုင်ဖူးတယ်. အဲဒီ့မှာ ကြော်ငြာထားတာ တစ်ခုရှိတယ်.

"သင် စား၍ မကောင်းလျှင် ကျွန်တော်တို့ကို ပြောပါ. စား၍ ကောင်းလျှင်တော့ သင့်မိတ်ဆွေ သူငယ်ချင်းများကို ပြောလိုက်ပါ" တဲ့လေ..

ကဲ. မိတ်ဆွေတို့လည်း စားလို့ကောင်းရင်. အဲလေ.. သုံးလို့ကောင်းရင် သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ပါ. မကောင်းလျှင်တော့ ကျွန်တော့်ကို ဘာမှ မပြောပါနဲ့. မသုံးဘဲသာနေကြပါ.

ဟုတ်တယ်လေ. Screenshot တွေ တဖျတ်ဖျတ်ရိုက်လို့ ကျောတွေတောင့် ခါးတွေအောင့်နေအောင် ထိုင်ပြီးလည်း ရေးရသေး. အပြောလည်း ခံရသေးဆို ဘယ်နိပ်ပါ့မလဲလို့.. ဟတ်ဟတ်

စတာပါဗျာ... အဆင်မပြေတာလေးတွေရှိရင် အောက်မှာ ကော်မန့် ချန်ခဲ့နိုင်ပါတယ်. ကျွန်တော်သေချာ ထပ်ရှင်းပြပေးပါဦးမယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်.
ကိုရန်အောင် ဆီက ကူးလာတာပါ

Wednesday, December 24, 2008

Old and Old

ဘာရယ်မဟုတ်ပါဘူး
အချိန်တွေ စေ့ဆော်မှု ကို ဇရာ ကသိလာတဲ့ အကြောင်း ပြောချင်လို့ပါ