Wednesday, December 24, 2008

Old and Old

ဘာရယ်မဟုတ်ပါဘူး
အချိန်တွေ စေ့ဆော်မှု ကို ဇရာ ကသိလာတဲ့ အကြောင်း ပြောချင်လို့ပါ

Wednesday, December 10, 2008

နှုတ်ခွန်းဆက်စကားပါ - သံဝေဂ ကဗျာလည်း ခေါ်ချင်ခေါ်ပေါ့

ကိုရွှေပင်သားရေ နည်းနည်းတော့ အစမှာ အဆင်မပြေတတ်တာ သဘာဝလေဗျာ။ ဟုတ်ဘူးလား။ ခုလည်း ပြင်လို့ရသလောက် ပြင်ထားတယ်။ အလကားရနေတာပဲ ဆက်ပြင်ချင်တော့လည်း ပြင်ကြတာပေါ့။ ဒါနဲ့ စကားမစပ် မတွေ့တာ နှစ်တွေတောင် အတော်ကြာပြီ။ တချိန်က သတိရစရာတွေကို လွမ်းမိသေးတော့တယ်။ ကဲ.. ဒီတော့လည်း ကြားချင်ရင် နားဆင်ပါ။(မကြားချင်လည်း ကြားချင်တယ်မှတ်)

“အမှတ်တရ - သူငယ်ချင်း”
သူငယ်ချင်း ...
ချဉ်းနင်းဝင်ရောက်
ဟောဟိုမှာလို့
တံခါးခေါက်သံ
မိုးသို့ညံဖို့ဝေးစွ၊
ညနေရီတရော
နှင်းရောတဲ့မြူကြားက
လူ ဘွားခနဲထွက်လာသလို
ပြို.. ပြိုသွားတဲ့ သက္ကရာဇ်တွေ။
ဒေါက်။
ဒေါက်၊ ဒေါက်။
ဂျောက်။
ဟင့်အင်း... ဒါ၊
ဒါ - ငါ့အခေါင်းခေါက်သံ
ဖြစ် - ပျက် ၊
ဟင့်အင်း မဖြစ်ချင်သေးဘူး။
ဟင့်အင်း မပျက်ချင်သေးဘူး။
ငါ... အသင့်မဖြစ်သေးဘူး။

Wednesday, October 8, 2008

time is not speak

အခြေအနေတွေဟာ အချိန်ကို လိုက်ပြီး ပြောင်းလဲ နေတယ်ဆိုတာ ကိုပြောချင်ရင်အချိန်က စကားပြောပါလိမ့်မယ် ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ကြုံနေရတဲ့ အချိန်က “ငအ” ကြီးဖြစ်နေတယ်ဗျာ။