ကိုရွှေပင်သားရေ နည်းနည်းတော့ အစမှာ အဆင်မပြေတတ်တာ သဘာဝလေဗျာ။ ဟုတ်ဘူးလား။ ခုလည်း ပြင်လို့ရသလောက် ပြင်ထားတယ်။ အလကားရနေတာပဲ ဆက်ပြင်ချင်တော့လည်း ပြင်ကြတာပေါ့။ ဒါနဲ့ စကားမစပ် မတွေ့တာ နှစ်တွေတောင် အတော်ကြာပြီ။ တချိန်က သတိရစရာတွေကို လွမ်းမိသေးတော့တယ်။ ကဲ.. ဒီတော့လည်း ကြားချင်ရင် နားဆင်ပါ။(မကြားချင်လည်း ကြားချင်တယ်မှတ်)
“အမှတ်တရ - သူငယ်ချင်း”
သူငယ်ချင်း ...
ချဉ်းနင်းဝင်ရောက်
ဟောဟိုမှာလို့
တံခါးခေါက်သံ
မိုးသို့ညံဖို့ဝေးစွ၊
ညနေရီတရော
နှင်းရောတဲ့မြူကြားက
လူ ဘွားခနဲထွက်လာသလို
ပြို.. ပြိုသွားတဲ့ သက္ကရာဇ်တွေ။
ဒေါက်။
ဒေါက်၊ ဒေါက်။
ဂျောက်။
ဟင့်အင်း... ဒါ၊
ဒါ - ငါ့အခေါင်းခေါက်သံ
ဖြစ် - ပျက် ၊
ဟင့်အင်း မဖြစ်ချင်သေးဘူး။
ဟင့်အင်း မပျက်ချင်သေးဘူး။
ငါ... အသင့်မဖြစ်သေးဘူး။
1 comment:
တွေးကြည့်လျှင်တော့တကယ်သံဝေဂရစရာတွေပါ.........အင်းမတွေးမိသူအဖို့တော့
Post a Comment